Tuesday, June 8, 2010

win 7starter background ပြောင်းရအောင်....

အားလုံးမင်္ဂလာပါ...
ပို့စ်မတင်ဖြစ်တာကြာပါပြီ။ ဒီနေ့ သူငယ်ချင်းတစ်ယောက်က ကွန်ပျူတာဝယ်လာတော့ win 7 starterဖြစ်လို့ နောက်ခံပြောင်းချင်ပါတယ်ဆိုပြီး အကူအညီတောင်းတော့ အင်တာနက်ကနေ ရှာပြီးတော့ တင်ပေးလိုက်လို့အဆင်ပြေသွားပါတယ်။
ဝင်းဒိုး ၇ အားလုံးထဲမှာ ဒီဝင်းဒိုးကတော့ နောက်ခံက တစ်ပုံတည်းပါလာပါတယ်။ကိုယ့်ဓာတ်ပုံထည့်ချင်လို့ ထည့်လို့မရပါဘူး။
ဒါကြောင့် ဆော့ဝဲရ်အကူနဲ့ ပြောင်းမှ မိမိစိတ်ကြိုက်ဓာတ်ပုံထည့်လို့ရပါပြီ။နောက်ပြီး တစ်ခြား screensaver တို့ပြောင်းချင်တယ်ဆိုရင် personalize ပုံစံမပါလို့ ဘယ်လိုလုပ်ရမှန်း မသိသေးသူအတွက် start search box မှာ change screen saver လို့ ရိုက်ထည့်ပါ။ box ပေါ်လာပါလိမ့်မယ်။ theme, sound တို့လည်း ပြောင်းချင်ရင် search box မှာ ရိုက်ထည့်ပြီး မိမိလိုရာပြောင်းနိုင်ပါတယ်။နောက်ခံပြောင်းဖို့ကျတော့ မပါ ပါဘူး။မိမိကွန်ပျူတာ desktop ပ်ါမှာ right click နှိပ်ရင် အောက်က ပုံစံမျိုးလိုပဲ ပေါ်မှာဖြစ်ပါတယ်။


တကယ်လို့ အောက်မှာပေးထားတဲ့ ဆော့ဝဲရ်ကို run ပြီးရင်တော့ ဒီလိုမျိုး
ဆက်ဖတ်ရန်...



personalize ပေါ်လာမှာဖြစ်ပါတယ်။ဒါဆိုရင် မိမိထည့်ချင်တဲ့ ဓာတ်ပုံထည့်လို့ ရပါပြီခင်ဗျာ။။ဒီဆော့ဝဲရ်ကတော့ အင်္ဂလိပ်ဘာသာတော့ မဟုတ်ပေမယ့် ပုံပြထားတဲ့အတိုင်း လုပ်သွားရင် အဆင်ပြေမှာပါခင်ဗျာ။။။သူ့ရဲ့ဆိုက်ကို google translate အကူနဲ့ ဖတ်သွားရင်လည်း အဆင်ပြေပါတယ်။ ဒီမှာ သွားဒေါင်းလုတ်ယူပါ။

ကျနော်က ဒီပုံစံမျိုးနဲ့ စမ်းကြည့်လို့ အဆင်ပြေသွားလို့ ပြန်လည်မျှဝေတာဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်းပုံစံကတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။တစ်ခြားပုံစံလည်း အောက်မှာပေးထားတာရှိပါတယ်။ အဆင်ပြေမယ့်တစ်မျိုးနဲ့ စမ်းကြည့်ပါခင်ဗျာ...ဒါက win 7 starter အသုံးပြုသူများအတွက်ပါ။။။အဆင်ပြေပါစေ....

တစ်ခြားလင့်....


No comments: