Friday, June 11, 2010

မိမိကွန်ပျူတာမှာ (C:) ကလွဲလို့ ကျန်တဲ့ partition များ ဖျောက်ချင်ရင်…

ဒါကတော့ မိမိကွန်ပျူတာမှာ ရှိတဲ့ partition များကို ဖျောက်ထားတဲ့နည်းပါ။ (C: ) OS လွဲလို့ ကျန်တဲ့ partition မှာ ထည့်ထားတဲ့ data တွေ၊ သူတစ်ပါး မသိစေချင်တဲ့ ဖိုင်တွေကို ဖျောက်ထားချင်သူများအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။ အဲလိုဖျောက်လိုက်လို့ ဘာ data တွေမှ မပျောက်ဆုံးပါဘူး။ လွယ်လည်း လွယ်ပါတယ်။ အဲလို ဖျောက်ထားချင်သူများအတွက် အောက်ကလို အဆင့်ဆင့်သွားပါ..။
My computer> manage>disk management သို့သွားပါ။ management box ပေါ်လာရင်..အောက်ကလို



မိမိဖျောက်ချင်တဲ့ partition ပေါ်မှာ right click နှိပ်ပါ။ change drive letters and paths ရွေးပါ။
ပြီးရင်…အောက်က ပုံပြထားတဲ့အတိုင်း remove နှိပ်ပြီး box တစ်ခုပေါ်လာရင် ok ပေးလိုက်ရင် ရပါပြီခင်ဗျာ။

ဆက်ဖတ်ရန်...



ပြန်ဖော်ချင်ရင်....
အဲဒီဖျောက်ထားတဲ့ partition ကို ပြန်ဖော်ချင်ရင် အပေါ်က နည်းအတိုင်း…my computer> manage>disk management>သို့သွားပါ။ ပြီးရင် မိမိဖျောက်ထားတဲ့ partition အကွက်မှာ right click>change drive letters and paths သွားပါ။ box တစ်ခုပေါ်လာရင် add ကို နှိပ်ပါ။ အောက်ကလို box တစ်ခုပေါ်လာရင်


မိမိဖျောက်ထားတဲ့ ( D:/ F:/ E:/) စသည်တစ်ခုခုကို ရွေးပြီး ok ပေးလိုက်ရင် ရပါပြီခင်ဗျာ…..ဒါကတော့ မသိသေးတဲ့ သူများအတွက်ပါ….အဆင်ပြေကြပါစေ…

No comments: