Thursday, August 11, 2011

win 7 မှာ taskbar ပျောက်သွားရင် ဘယ်လိုပြန်ဖော်မလဲ..

win 7 မှာ taskbar ပျောက်သွားရင် ဘယ်လိုပြန်ဖော်မလဲ.၊ သူငယ်ချင်းတို့ ကွန်ပျူတာမှာ ဒီလိုမျိုးဖြစ်ဖူးပါသလား၊ ကျနော်လည်း ဒါက ပထမဆုံးကြုံဖူးတာပဲ။ဒါကြောင့် လာလည်တဲ့ ညီအစ်ကိုမောင်နှမများ အဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုရင် ပြန်ဖော်လို့ ရအောင် ပို့စ်တင်ပေးလိုက်ပါတယ်၊ ပြန်ဖော်တဲ့နည်းတွေကတော့ အများကြီးပါပဲ၊ နောက်ပို့စ်အဆုံးမှာ သူငယ်ချင်းတို့လေ့လာလို့ ရအောင် လင့်တွေပေးထားပါ့မယ်၊ ကျနော်ပြောပြမယ့်နည်းကတော့ အလွယ်ဆုံးနည်းပါ။ တကယ်လို့ အဆင်မပြေရင် အောက်ကပေးထားတဲ့ လင့်မှာ သွားလေ့လာပြီးတော့ ဖြေရှင်းနိုင်ပါတယ်၊
စရအောင်ပါ။..အောက်က ပုံလိုမျိုးကြည့်ပါ..ထူးထူးဆန်းဆန်း taskbar ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်.။ taskbar က auto hide ဖြစ်သွားတာမဟုတ်ဘဲ လုံးလုံးပျောက်သွားတာ ဖြစ်ပါတယ်။


နည်းလမ်း(၁)update your drivers
ဆက်ဖတ်ရန်...

ဒီနည်းလမ်းကတော့ မိမိကွန်ပျုတာမှာ update မဖြစ်တဲ့ driver တွေကို update ဖြစ်အောင်လုပ်ပေးပါ။
အဓိကတော့ ဗီဒီယို driver ပါ၊တစ်ခါတစ်လေ မိမိကွန်ပျုတာနဲ့ compatible မဖြစ်တဲ့
driver ကြောင့်ဖြစ်နိုင်ပါတယ်။ပြီးရင် ကွန်ပျုတာကို restart လုပ်ပါ။ ဒီနည်းနဲ့ အဆင်မပြေရင်...အောက်ကနည်းနဲ့သွားပါ။
နည်းလမ်း(၂)update your Bios version
မိမိကွန်ကျူတာမှာ Bios က pdate မဖြစ်လို့ ဒီလိုဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ကွန်ပျုတာ Bios ဆိုတာက Windows interfaces, hardware,power တွေကို ထိန်းချုပ်ပါတယ်၊ဒါကြောင့် သူ့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နည်းလမ်း(၃)Restart Explorer.exe
တကယ်လို့ အပေါ်ကနည်းအတိုင်း အဆင်မပြေရင် ...(၃)နည်းကို စမ်းကြည့်ပါဦး..ကျနော်က ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်။
Ctrl + Alt + Del ကို နှိပ်ပါ၊ window task manager ကို ခေါ်တာဖြစ်ပါတယ်၊အောက်က ပုံအတိုင်း..


explore.exe ကို end tab လုပ်လိုက်ပါ။ နောက် file> new ဖွင့်ပြီးတော့ အသစ်ပြန်ရိုက်ထည့်ပေးပါ။ ok. နှိပ်ပါ။
နောက် ကွန်ပျူတာကို restart လုပ်ပါ။ အဆင်ပြေသွားလိမ့်မယ်ထင်ပါတယ်။
ကွန်ပျူတာက သုံးရင်းနဲ့ sleep ဖြစ်သွားပြီ ပြန်သုံးတဲ့အချိန်မျိုးမှာလည်း taskbar ပျောက်သွားတာမျိုးလည်း ရှိတတ်ပါတယ်၊
ဒါကြောင့် ကွန်ပျူတာကို ပါ့စ်ဝါ့နဲ့ထားရင်လည်း ဒီဘားပျောက်သွားတာ ကာကွယ်နိုင်ပါတယ်။
ကျနော် အထက်ကပြောခဲ့သလိုပါပဲ။ ကျန်တဲ့ နည်းတွေ အများကြီးရှိပါသေးတယ်..လေ့လာချင်ရင် အောက်ကလင့်အတိုင်းသွားပါ...။
အဆင်ပြေပါစေ...
ဒီပို့စ်ကို ဒီနေရာမှာ အဆင်ပြေသလို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
အခြားလင့်(၁)
အခြားလင့်(၂)
အခြားလင့်(၃)

No comments: