Tuesday, May 17, 2011

PC suite နဲ့ application များ phone ထဲ install ထည့်ပုံ

အားလုံးမင်္ဂလာပါ...။ဒါကတော့ PC suiteနဲ့ application များ install လုပ်ပုံများကို ဗဟုသုတလည်းဖြစ်၊ ထည့်လည်းထည့်တတ်ရအောင် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ application များကို copy paste လုပ်လို့ရပေမယ့်
bluetooth နဲ့ ပြန်ဖွင့်ရတာ အလုပ်ရှုပ်ပါတယ်။ဒါကြောင့် pc suite နဲ့ တစ်ခါတည်း ထည့်လိုက်ရင် ပုံမှန်ဖွင့်လို့ အဆင်ပြေသွားပြီလေ။ Dictionaryဘဲ ဖြစ်ဖြစ်၊ phone antivirus ဘဲဖြစ်ဖြစ် ထည့်ချင်ရင် အောက်မှာ ပုံစံပြထားတဲ့အတိုင်း လုပ်သွားရုံပါပဲ။ဒါက nokia phone များအတွက် လုပ်သွားပုံ ပြမှာဖြစ်ပါတယ်။ ကျန်တဲ့ ဖုန်းတွေလည်း သူ့ဆိုင်ရာ pc suite နဲ့ လုပ်သွားရုံပါပဲ။
ပထမဆုံး မိမိဖုန်းကို ကွန်ပျူတာနဲ့ connect လုပ်လိုက်ပါ။ ပြီးရင် အောက်မှာ ပုံအတိုင်း pc suite ကို ဖွင့်လိုက်ပါ။
နောက် application ဆိုတော့ icon ကို နှိပ်လိုက်ပါ။

အောက်မှာ box တစ်ခု ကျလာရင် မိမိကွန်ပျူတာမှာ ဒေါင်းလုတ်ထားတာပဲဖြစ်ဖြစ်၊ ကူးယူထားတာပဲဖြစ်ဖြစ် ရွေးယူလိုက်ပါ။



ပြီးရင် အလည်မှာ မြားလေးနဲ့ပြထားတာကို နှိပ်လိုက်ပါ။နောက် မိမိဖုန်းထဲမှာ ကြည့်ုလိုက်ပါ။ install လုပ်ဖို့ စာတန်းတက်လာမှာဖြစ်ပါတယ်။ ဖုန်းထဲက ပြထားတဲ့အတိုင်း install လုပ်လိုက်ရုံပါပဲ။ အားလုံးပြည့်စုံသွားပြီဆိုရင် မိမိထည့်ထားတဲ့ application များကို ဖွင့်သုံးလို့ ရပါပြီခင်ဗျာ။ ဖုန်းထဲကို anti virus ဆော့ဝဲထည့်ချင်ရင် အောက်မှာ လင့်ပေးထားပါတယ်။ မိမိဖုန်းမော်ဒယ်အလိုက် ရွေးပြီးတော့ ဒေါင်းလုတ်ယူပါ။ အဆင်ပြေပါစေဗျာ။

kaspersky mobine security

2 comments:

နေမင်းမောင် said...

ကိုခေတ်ပညာေ၇...ေ၇ာက်ခဲ့ပါတယ်ခင်ဗျာ..
ပို့ဒ်လေးတွေပြန်တင်နေတာတွေ့ ၇လို့ဝမ်းသာ
ပါတယ်..။ဘလော့ပိုင်၇ှင်ကမ၇ှိတော့ဘူးတောင်
မှတ်တာ..အကို့ဘလော့လေးကိုေ၇ာက်ခဲ့ပြီး
နောက်ပိုင်းမှကျွန်တော့်ဘလော့ဂါဘ၀လေးကို
စခဲ့၇တာဖြစ်တဲ့အတွက်ဘယ်တော့မှ
ခေတ်ပညာ ဆိုတဲ့နာမည်လေးကိုမမေ့ပါဘူးအ
ကို...အခုထက်ထိလဲကျွန်တော့ဆီမှာအကို့ဆီ
ကွန်ပျူတာတွက် Desktop အလှဆင်ဖို့ပါ ဆိုတဲ့
ပို့ဒ်လေးကို၇ှယ်ထားတုန်းပါအကို..။ကျေးဇူးတင်
စကားပြောချင်နေတာကြာပါပြီ..အားပေးနေမြဲ
ပါပို့ဒ်တွေပြန်တင်နေတဲ့အတွက်....

လေးစားစွာဖြင့်....နေမင်းမောင်.....

http://nayminmaungmaung.blogspot.com/

clash said...

့အခုလိုအများအကျိုးဆောင်ပေးတဲ့ဆရာတို့တွေကို ကျနော်အရမ်းရမ်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...