Monday, November 29, 2010

ဝင်းဒိုးတွင် Folder option နှင့် registry editor ခေါ်လို့ မရရင် ဘယ်လိုဖြေရှင်းမလဲ

အများအားဖြင့် ဒီပြဿနာက ဗိုင်းရပ်ကြောင့် ဖြစ်တာများပါတယ်။တစ်ခါတစ်လေ
ကွန်ပျူတာကို ကလိလွန်လို့ setting လွဲသွားတာလည်း ဖြစ်တတ်ပါတယ်။
ဗိုင်းရပ်ကြောင့် folder optionတို့၊ registry editor တို့ ပိတ်သွားတာမျိုးဆိုရင် ဒီနည်းနဲ့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်သွားမယ်ဆိုရင် အဆင်ပြေပါတယ်ခင်ဗျာ။

(၁)တကယ်လို့ ကွန်ပျူတာမှာ folder option တစ်မျိုးသာ ပိတ်သွားပြီး၊ registry editor မှာ ၀င်လို့ရင်
Run box မှာ regedit လို့ ရိုက်ထည့်ပြီး အောက်မှာ အဆင့်ဆင့် သွားပါ။

HKEY_CURRENT_USER\Software\Microsoft\Windows\Current Version\Policies\Explorer
HKEY_LOCAL_MACHINE\Software\Microsoft\Windows\Current Version\Policies\Explorer

ပြီးရင် ဒီ key တစ်ခုစီရဲ့ ညာဘက်အကွက်မှာ DWORD value name မှာ no folder option ရှိမယ်ဆိုရင်
ဖျက်ပစ်လိုက်ပါ။ ဒီလိုဖျက်လိုက်တဲ့ keyကို အသစ်ပြန်ထည့်ဖို့အတွက် အောက်မှာ REG.file ကို ဒေါင်းလုတ်
ပြီးရင် run လိုက်ပါ။

Download file

(၂)တစ်ခါတစ်လေမှာ folder option ရော၊ registry editor ပါ လုံးဝ ၀င်လို့မရပါဘူး။ run box ကနေ
Regedit လို့ ရိုက်ထည့်ရင်

"Registry Editor has been disabled by administrator". လို့ စာတန်းပေါ်လာပါတယ်။

RONTOKBRO trojan ဗိုင်းရပ်ကြောင့်ဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်ရင် ဗိုင်းရပ်စ်ကို ဖြေရှင်းဖို့ လိုပါတယ်။

ဒီမှာလင့်အတိုင်း သွားဒေါင်းလုတ်ယူပြီးတော့ ဖြေရှင်းနိုင်ပါတယ်။ရှင်းပုံရှင်းနည်းကတော့ မရှင်းပြတော့ပါဘူး။ ကျနော်က ဒီနည်းနဲ့အဆင်ပြေခဲ့တာ မဟုတ်ပါဘူး။ဒါပေမယ့် မူရင်းလင့်မှာ ပုံနှင့်တကွ ရှင်းပြထားပါတယ်။

တကယ်လို့ ဒီဗိုင်းရပ်စ်ကြေင့် မဟုတ်ဘဲ တခြား အကြောင်းကြောင့် ဖြစ်မယ်ဆိုရင် အောက်က နည်းလမ်း
အတိုင်း ဆင့်ဆင့်သွားပါ။

(၃)run box မှာ gpedit.msc လို့ ရိုက်ထည့်ပါ။ box တစ်ခုကျလာရင် user configuration> Administrative templates>system ကို select လုပ်ပါ။ ညာဘက်အကွက်မှာ "prevent access to registry editing tools"
ကို click နှစ်ချက် နှိပ်ပါ။ box တစ်ခုကျလာရင် enable (သို့) disable ပေးလိုက်ပါ။
နောက်တစ်ခုက run box မှာ အောက်မှာပေးထားတဲ့ key ကို ရိုက်ထည့်ပြီး enter ခေါက်ပါ။
REG add HKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /t REG_DWORD /d 0 /f
နောက် registry editor ကို enable လုပ်ပြီးရင် folder option ကို enable ပြန်လုပ်ဖို့အတွက်
(၁) နည်းလမ်းအတိုင်းပြန်လုပ်ပါ။ ပြီးရင် ကွန်ပျူတာကို restart လုပ်ပါ။ အဆင်သွားပါလိမ့်မယ်။


မှတ်ချက်။ ။ဒီပို့စ်ကို ဒီနေရာ မှာ သင့်တော်သလို ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ တကယ်လို့ အရေးကြီး
တဲ့ registry မှာ ၀င်ပြင်တော့မယ်ဆိုရင် မူရင်းလင့်မှာ သွားပြီး ဂရုတစိုက် ဖတ်ပေးစေချင်ပါတယ်။
ကျနော် လုပ်ခဲ့တဲ့ အဆင်ပြေတဲ့နည်းနဲ့ ကျနော်နားလည်သလို ပြန်ဆိုထားတာမို့ တစ်ချို့နေရာမှာ
အမှားမကင်းနိုင်ပါဘူး။ ဒါကြောင့် ဂရုစိုက်ဖို့ တိုက်တွန်းရတာပါ။ ကျနော်လည်း နောက်နောင် လင့်
တွေ အလွယ်တကူ ယူရလွယ်အောင် အမှတ်တရပို့စ်အနေနဲ့ တင်ထားခြင်း ဖြစ်ပါတယ်။
အားလုံးပျော်ရွှင်ပါစေ.....။

2 comments:

စံအောင်ကျော် said...

မင်္ဂလာပါ
အကို့ရဲ့ အကူညီကို တောင်းရတာ အားနာတယ်။
ဒါပေမယ့် ကူညီပါအုံး။ ကျနော် Window7 Profetction ကိုသုံးနေပါတယ်။
ကျန်တာ အားလုံး Good တယ် ဒါပေမယ့် Glass Themes, DreamScene, 3D Software တွေ သုံးလို့ မရဘူး။
Window Colour Change လို့မရဘူး ပြီးတော့ Tittle Bar, Task Bar , Start Menu Colour Change ရင်
် Window XP လိုဘဲ Glass လိုမကြည်နေဘူး။ Aero ကို Fix လုပ်တာ Video card driver doesn't support Aero effect - Not fixed
တဲ့ ကျနော် ဘာဆက်လုပ်ရမလဲ။ ကျနော် DreamScene ကိုသုံးချင်တယ် ကူညီပါအုံး။ အမြဲ အားပေးနေတဲ ပရိတ်သတ်ပါ။

ehthikaung said...

မင်္ဂလာပါ။
လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဒါပေမယ့် ကျနော်ဆိုက်က comment ပေးတဲ့လူသိပ်မရှိတော့ တစ်ခါမှ မကြည့်မိဘူးလေ။ဒါကြောင့် အခုမှ ပြန်တွေ့တာ....တောင်းပန်ပါတယ်ဗျာ။နောက် ကျနော်ရှာပြီးတင်ပေးလိုက်ပါ့မယ်ဗျာ။ ကျနော်လည်း သိပ်မအားလို့ အားနာပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။