Saturday, May 15, 2010

Mgy.exe virus ဖြတ်နည်း…

ဒီဗိုင်းရပ်က နည်းပညာဘလော့တွေမှာ တင်ထားတာ တွေ့တာကတော့ ကြာပါပြီ။ ကျနော်က ဒီဗိုင်းရပ်ကို တစ်ခါမှ မကြုံဖူးတော့ ကောင်းကောင်းမလေ့လာဖြစ်ဘူး…။
ကိုယ်တိုင်ကြုံမှ တော်တော်ဒုက္ခပေးမှန်းသိလိုက်ရတယ်။ ဒီဗိုင်းရပ်က တော်တော်ပြင်းတယ်လို့ဆိုရမယ်။

သုံးနေကျ intivirus နဲ့ မရဘဲ taskbar / folder option /စတာတွေကို အကုန်ပိတ်ပစ်ပါတယ်။ registry ခေါ်လို့လဲ မရဘူး။ auto run ဆိုတဲ့အတိုင်းပဲ ၀င်းဒိုးဖွင့်တာနဲ့ logo နှစ်ခု auto run တော့တာပဲ။ အဲဒီ run တဲ့ logo လက်မခံလိုက်ပါနဲ့။လက်ခံမိရင် ကွန်ပျူတာ တစ်ခါတည်း ဒေါင်းသွားနိုင်ပါတယ်။ ဒါက ကျနော် ကိုယ်တွေ့ပါ။ သူ့ရဲ့ logo exe က mgy.exe နဲ့ အယောင်အဆောင်ဖြစ်တဲ့ csrss.exe တွေပါ။ csrss.exe အစစ်အမှန်ဖိုင်ရှိပါတယ်။ မူရင်းဖိုင်ကို မဖျက်မိပါစေနဲ့။ ccleaner ထည့်ပြီး ရှင်းကြည့်တော့လဲ မရဘူး။ အမျိုးမျိုးစမ်းကြည့်တယ်။မရဘူးဖြစ်နေတယ်။တော်တော်ဦးနှောက်ခြောက်သွားတယ်။

ထိန်းချုပ်နိုင်ပေမယ့် taskbar/ folder option စတာတွေကို မဖွင့်နိုင်သေးဘူးဖြစ်နေတယ်။ သူငယ်ချင်းတစ်ယောက်က အကူအညီနဲ့ လိုက်စမ်းကြည့်တော့ avira antivirus free personal နဲ့ အဆင်ပြေသွားတာကို ထူးဆန်းစွာ တွေ့လိုက်ရတယ်။ taskbar/ folder option စတာတွေကို အကုန်ပြန်ပွင့်သွားတယ်။အကူအညီပေးတဲ့ သူငယ်ချင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။

တကယ်လို့ ကြုံခဲ့ရင် ဒီမှာ avira antivirus ကို ဒေါင်းပြီးတော့ စမ်းကြည့်ပါ။
ဒါက ကျနော် ကြူံရတာကို ပြန်လည်မျှဝေတာပါ။ ဗိုင်းရပ်ရန်မှ ကင်းဝေးပါစေ….။

No comments: