Thursday, April 8, 2010

သိမှတ်ဖွယ် webpage. computer အတိုအထွာလေးများ…

အားလုံး မင်္ဂလာပါ….

လာလည်တဲ့ ညီအစ်ကို မောင်နှမများအတွက် ဗဟုသုတလည်းဖြစ်၊ တစ်ချို့သူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ ဖြစ်တတ်တဲ့ webpage ဆိုင်ရာ ပြဿနာငယ်လေးတွေကို ဖြေရှင်းရအောင်ဆိုပြီး
သိမှတ်ထားတာလေးကို ပြန်လည်ပေးဝေချင်တာနဲ့ ပို့စ်တင်လိုက်ပါတယ်။တစ်ချို့ကလည်း မြန်မာ ၀က်၊ဘလော့တွေ ဖွင့်ဖတ်ချင်ပါတယ်၊ ဒါပေမယ့် ဘယ်လိုလုပ်ရမှန်းမသိသေးတဲ့ ညီအစ်ကို မောင်နှမတွေရယ်၊
အီးမေးလ်မှာ ဖြစ်တတ်တဲ့ မြန်မာစာဖေါင့် ကောင်းကောင်းမပေါ်တာ၊ စတဲ့ ဗဟုသုတလေးများ တင်ပြချင်တာပါ.။ ကျနော်က ကျွမ်းကျင်သူ မဟုတ်ပါဘူး။ မိမိမှာလည်း ကြုံတွေ့ခဲ့ရတာတွေကို သူများမှာလည်း တကယ်လို့ ဖြစ်ခဲ့ရင် အဆင်ပြေရအောင်ဆိုပြီး တတ်နိုင်သလောက် အခြေခံ ဗဟုသုတလေးတွေကို မျှဝေချင်တာပါ။

Webpage များကို မြန်မာစာ ဖတ်နိုင်အောင်…

မြန်မာ၊၀က်ဆိုက်၊ ဘလော့တွေကို မြန်မာစာ ကောင်းကောင်း ဖွင့်ဖတ်လို့ မရလို့ ဆိုပြီး မေးလာတတ်လို့
သူတို့အတွက် ရည်ရွယ်ပြီး အဓိက မြန်မာစာပေါ်ဖို့ အရေးက အဓိက ကတော့ မိမိ အသုံးပြုနေတဲ့ ကွန်ပျူတာထဲမှာ ပထမဆုံး install လုပ်ရပါ့မယ်။ဖေါင့်ဒေါင်းလုတ်ရန် ဆိုက်ဘားမှာ ယူနိုင်ပါတယ်။ အဲလိုမှ မလုပ်ထားရင် ဖတ်လို့၊ ရေးလို့ မရပါဘူး၊နောက်ပြီးတော့ တစ်ချို့ ၀က်ဆိုက်တွေမှာ ဖေါင့်မတူတာကြောင့် စာကောင်းကောင်း ဖတ်လို့ အဆင်မပြေပါဘူး။ ဒါကြောင့် သက်ဆိုက်ရာ ၀က်ဆိုက်တွေမှာ ဖေါင့်ဒေါင်းလုတ်ဖို့ အမြဲတမ်း တင်ထားကြပါတယ်။ ဥပမာ ဘီဘီစီ သတင်းစာမျက်နှာမှာဆိုရင် myanmar 3 ဖေါင့်ကို အသုံးပြုထားတဲ့အတွက် သူ့စာမျက်နှာကို စာကောင်းကောင်းဖတ်ချင်ရင် ဘီဘီစီ ၀က်ဆိုက်က ပေးထားတဲ့ myanmar 3 ဖေါင့်ကို ဒေါင်းလုတ်ပြီး မိမိစက်မှာ ထည့်ပြီးမှ ၀က်ဆိုက်ကို ပိတ်၊ ပြန်ဖွင့်ရင် စာကောင်းကောင်းဖတ်နိုင်ပါပြီ။ မြန်မာ ဧရာ ဖေါင့်မှာလည်း ထို့အတူပါပဲ။

မြန်မာဝက်ဆိုက်တွေကို ဖွင့်မယ်ဆိုရင် Mozilla firefox နဲ့ ဖွင့်တာ အကောင်းဆုံးပါပဲလို့ အကြံပြုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ window က ပါလာတဲ့ IE( Internet Explorer)က တစ်ချို့ ၀က်ဆိုက်တွေမှာ ကောင်းကောင်းမပေါ်နိုင်လို့ပါပဲ။ အများအားဖြင့် ကွန်ပျူတာကို ၀ယ်လာကတည်းက ၀င်းဒိုးထဲမှာ IE တစ်ခါတည်း ပါလာတာမို့ ဒါနဲ့ သုံးနေကြတတ်ပါတယ်။ တကယ်လို့ mozilla firefox မရှိသေးဘူးဆိုရင် ဒီမှာ ဒေါင်းလုတ်ယူပါ။ နောက်ပြီး Mozilla firefix နဲ့ IE ရောသုံးနေတဲ့ နေရာမှာ webpage တစ်ခုခုဖွင့်ရင် mozilla နဲ့ default ထားမှာလား IE နဲ့ default ထားမှာလားလို့ box တစ်ခုပေါ်လာပြီးတော့ မေးတတ်ပါတယ်။ မိမိထားချင်တဲ့ တစ်ခုကို ok ပေးလိုက်ပါ။ မထားချင်ဘူးဆိုရင် no ပေးလိုက်ပေါ့။
ဆက်ဖတ်ရန်...

နောက်ဖွင့်မရတဲ့ ပြဿနာတစ်ခုက တစ်ချို့ဘလော့တွေမှာ JavaScript လုပ်ထားတဲ့ fresh player တွေ၊
Slideshow တွေကို ဖွင့်မရလို့ အကွက်အဖြူတွေပဲ ပေါ်လာပါတယ်။ဒါကြောင့် အဲဒါတွေကို ကောင်းကောင်း ပေါ်နိုင်အောင် မိမိစက်မှာ လိုအပ်တဲ့ Mozilla plug in တွေ ထည့်ထားဖို့လိုပါတယ်။ဥပမာ အဖြူရောင်သံစဉ် radio သံလွှင့်လိုင်းလို နားထောင်လို့ရအောင် window media player firefox plug in 11 ထည့်ထားရမှာ ဖြစ်ပါတယ်။ဒေါင်းလုတ်ယူချင်ရင် ဒီမှာ သွားပါ။ ကျန်တဲ့ လိုအပ်တဲ့ player တွေကို အောက်မှာ စုစည်းတင်ပေးလိုက်ပါတယ်။

(1)adobe flash player
(2)adobe AIR
(3)adobe shockwave player
်(4)adobe reader

အီမေးလ်မှာ မြန်မာစာ မပေါ်သည့်ပြဿနာ…

ဒီပြဿနာလေးကတော့ အဖြစ်များပါတယ်။ မိမိအီးမေးလ် inbox ထဲမှာ ဖွင့်လိုက်ရင် မြန်မာစာဖေါင့်တွေ ပုံစံမကျဘဲ ပေါ်လာတတ်ပါတယ်။ကောင်းကောင်းလည်း ဖတ်မရပါဘူး။ဒါကြောင့် ဒီဟာကို ကျနော်လုပ်ဖူးသမျှ အဆင်ပြေတာလေးကို ပြောပြချင်ပါတယ်။တကယ်လို့ အဲလိုဖြစ်ရင် Mozilla firefox ကို ဖွင့်လိုက်ပါ။
tools ကို ရွေး၊> option ကို ရွေး>နောက် box တစ်ခုကျလာမယ်။ အဲဒီအကွက်မှာ main. Tabs. Content စတာတွေကို အပေါ်ပိုင်းမှာ တွေ့ရလိမ့်မယ်။content ကို select လုပ်ပြီးတော့ default font ဆိုတဲ့ အကွက်ထဲမှာ time new Roman ဖြစ်နေရင် zawgyi-one လို့ ပြောင်းပေးလိုက်ပါ။ advanced setting မှာလည်း self အကွက်ထဲမှာ zawgy-one လို့ ပြောင်းပေးပြီး default character encoding ဆိုတဲ့အကွက်မှာ Unicode(UTF-8)ကိုရွေးပါ။ ok ပေးလိုက်ပါ။ webpage တွေအားလုံး ပိတ်ပြီးတော့ ပြန်ဖွင့် အီးမေလ်း ထဲမှာ ပြန်ကြည့်လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။ တကယ်လို့ မရသေးဘူးဆိုရင် zawgyi-one ဖေါင့်ကို ထပ်ပြီး install လုပ်ကြည့်ပြီး ကွန်ပျူတာကို restart ချပြီးတော့ ဖွင့်ကြည့်လိုက်ပါ။ နောက်တစ်ခု မိမိဝင်းဒိုး sreen ပေါ်မှာ Microsoft word နဲ့ ရိုက်ထားတဲ့ စာခေါင်းစဉ်ပဲဖြစ်ဖြစ်၊ သီချင်းတွေကို မြန်မာလို နာမည်ပြောင်းထားတာပဲ ဖြစ်ဖြစ် မြန်မာစာ မပေါ်ဘဲ အကွက်လေးပဲ ပေါ်ပါတယ်။ အဲလိုပေါ်ရင် ခုနကလိုပဲ zawgyi-one installer ကို ပြန်ပြီး install လုပ်ကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။

ကွန်ပျူတာ အခြေခံ ထိန်းသိမ်းနည်းလေးပါ။

မိမိကွန်ပျူတာကို ရေရည်သုံးနိုင်အောင် သိသင့်သိထိုက်တာလေးတွေ၊ ဂရုစိုက်စရာလေးတွေ ဂရုစိုက်မယ်ဆိုရင် မိမိကွန်ပျူတာလည်း ကြာရှည်ခံမယ်၊ ပေါ့ပေါ့ပါးပါးနဲ့ သုံးလို့ရတာပေါ့နော့်။အမှန်မှာဆိုရင်
ကွန်ပျူတာနည်းပညာက အဆင့်မြင့်မြင့် လုပ်ဆောင်ထားတာပါ။ ကျွမ်းကျင်သူများအဖို့တော့ ကောင်းကောင်းထိန်းသိမ်းတတ်ပေမယ့် စသုံးတဲ့ user အနေနဲ့ ဗိုင်းရပ်နဲ့တိုးရင်ဖြစ်စေၟၟဂရုမစိုက်မိလို့ဖြစ်စေ
စက်သုံးတာ ကြာလာရင် လေးလံတာတို့၊ ဟန်းဖြစ်တာတို့ ဖြစ်တတ်ပါတယ်။
-ဗိုင်းရပ်ကာကွယ်ရန် intivirus တစ်ခုခုကို မိမိကွန်ပျူတာမှာ ထည့်ထားပါ။ update ဖြစ်အောင်လည်း ဂရုစိုက်ရပါ့မယ်။နောက်ပြီး ကွန်ပျူတာက လိုအပ်တဲ့ update ကိုလည်း ပြုလုပ်ပေးပါ။ တစ်ချို့ ဆော့ဝဲရ်တွေက
Update မဖြစ်ရင် ကောင်းကောင်း အလုပ်မလုပ်လို့ပါ။မိမိကွန်ပျူတာမှာ လိုအပ်သလောက် ဆော့ဝဲရ်တွေပဲ
ထည့်ထားတာ အကောင်းဆုံးပါ။ မလိုအပ်တဲ့ ဆော့ဝဲရ်တွေကို ပြန်ပြီး uninstall လုပ်ပါ။ တစ်ချို့ဆော့ဝဲရ်တွေက
ကွန်ပျူတာထဲမှာ ထည့်ပြီးဆိုရင် ပြန်ထွက်မရတာလည်း ရှိတတ်ပါတယ်။ အဲဒီလို ဆော့ဝဲမျိုးတွေကို ရှောင်ပါ။အဲလိုဖြစ်ခဲ့ရင် uninstall ဆော့ဝဲရ်တွေ ရှာပြီး ပြုလုပ်နိုင်ပါတယ်။

မိမိကွန်ပျူတာကို နေ့တိုင်းသုံးနေတာဖြစ်ရင် အနည်းဆုံး တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးပါ။ (disk clean up နဲ့ လုပ်ပေးပါ)။ my computer> open>local disk C:\> right click> properties>disk clean up)ကွန်ပျူတာမှာ programs ပါပြီးသားဖြစ်သလို ဆော့ဝဲရ်နဲ့ ရှင်းထုတ်ချင်လည်း ရှာယူပြီးတော့ ရှင်းထုတ်နိုင်ပါတယ်။
ဒါတွေက မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းထုတ်တာပါ။ နောက် ဖိုင်တွေ ပြန်စီပေးပါ။ (tools>defragment now)
Run common ကနေ မလိုအပ်တဲ့ဖိုင်တွေကို ၀င်ဖျက်နိုင်ပါတယ်။(%temp%, prefetch, recent, တွေကို run မှာ ရိုက်ထည့်ပြီး ဖိုင်တွေကို ရှင်းထုတ်နိုင်ပါတယ်။)

မိမိကွန်ပျူတာ local C:\(အများအားဖြင့် OS ကို C:\ programs မှာ ထားတာများပါတယ်)မှာ ကွန်ပျုတာတစ်ခုလုံးကို လုပ်ဆောင်နေရတဲ့အတွက် အပြင်မှ ကူးယူထားတဲ့ ရုပ်ရှင်၊ သီချင်း၊ space များများ နေရာယူတဲ့ ဖိုင်တွေကို local D:\ မှာ ထားတာ အကောင်းဆုံးပါ။ ဒေါင်းလုတ်ထားတဲ့ ဖိုင်တွေပဲ ဖြစ်ဖြစ်၊ desktop ပေါ်မှာ ထားတဲ့ဖိုင်တွေပဲ ဖြစ်ဖြစ် ဒေါင်းလုတ်ပြီးရင် သိမ်းထားချင်ရင်လည်း local D:\ ထဲမှာပဲ ထည့်ပါ။ မိမိကွန်ပျူတာမှာ alert massage တွေ ပေါ်လာရင် သတိထားပြီး ဖတ်ပေးပါ။လိုအပ်တဲ့ update,scan တွေ ရှိရင် ဖော်ပြပေးပါတယ်။လိုအပ်ရင် ပြုလုပ်ပေးဖို့ပါ။ အပြည့်အစုံ မဟုတ်ပေမယ့် ဗဟုသုတလေးပေါ့ဗျာ။ အားလုံး အဆင်ပြေပါစေ….။

No comments: