Windows Myanmar Translate 1.0 သည် Windows Version များဖြစ်သည့် XP, Vista တို့တွင်အသုံးပြုနိုင်ပြီး အနိမ့်ဆုံး .net 2.0 ကိုအထောက်အပံ့ပေးနိုင်သော Windows OS များ၌အသုံးပြုနိုင်မည်ဖြစ်သည်။ ကွန်ပျူတာအ တွင်းတွင် fort စနစ်လိုအပ်ချက်များအပြင် unicode 5.1, myanmar 3, my myanmar ကဲ့သို့သော unicode အဆင့်ရှိသည့် မြန်မာဖောင့်များကို ရွေးချယ်ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။ ဆော့ဖ်ဝဲလ်၏ database အတွင်းတွင် စာလုံးအရေပေါင်း တစ်သိန်းနီးပါးထည့်သွင်းပေးထားပြီး စာကြောင်းတစ်ခုကိုဘာသာပြန်ခိုင်းပါက ဘာသာပြန်ချိန်မှာလည်း လျှင်မြန်စေနိုင်မည်ဖြစ်သည်။ ဆော့ဖ်ဝဲလ်အတွင်းတွင် အဘိဓါန်အဖြစ်အသုံးပြုနိုင်သောစနစ်များ၊ စာလုံးပေါင်းစစ်ပေးနိုင်သော spelling check စနစ်ကိုလည်း ထည့်သွင်းပေးထားသည်။
ဆက်ဖတ်ရန်...
ယခင်ကဘာသာပြန်ရာတွင် အစီအစဉ်မကျဖြစ်ခဲ့သည်ကိုလည်းအကောင်း ဆုံးဖြစ်အောင်ပြန်လည်ပြုပြင်ပေး ထားခဲ့သည်။ မြန်မာစာပြန်ဆိုမှုစနစ် ကိုသတ်မှတ်ရာတွင်ပညာရှင်များ နှင့်ဆွေးနွေးပြီးအကောင်းဆုံးအဖြစ် နိုင်ဆုံးစာလုံးများကိုရွေးချယ်အသုံး ပြုရခြင်းဖြစ်ကြောင်းသိရသည်။ Windows Myanmar Translate 1.0 ကို download လုပ်၍ ထည့်သွင်းလိုပါက http://www.myanmarnlp.org.mm/ တွင် အလွယ်တကူဝင်ရောက်ရယူ နိုင်ကြောင်းသိရသည်။
မှတ်ချက်။ ။အင်တာနက်ဂျာနယ်(Internet) Internet Journal ဆိုက်မှ ပြန်လည်ဖော်ပြပါတယ်။
No comments:
Post a Comment